မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က ကြီးမှူး ကျင်းပသည့် စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019, “Entrepreneurship 4.0” အခမ်းအနားကို (၁၆-၁၁-၂၀၁၉)နေ့တွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza ၌ ကျင်းပသည့် အစီအစဉ်မှာ –
PYEI SONE HEIN GROUP OF COMPANIES မှ မြန်မာနိုင်ငံတွင် စွန့်ဦးတီထွင် ဂေဟစနစ်တစ်ခု ပေါ်ပေါက်လာစေရန်၊ ပြည်တွင်းသာမက အာဆီယံ ဒေသများအပြင် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်ကွန်ယက် နှင့် ချိတ်ဆက်ပြီး ပြည်တွင်းမှ စွန့်ဦးတီထွင် လုပ်ငန်ရှင်များ ပြည်ပဈေး ကွက်သို့ ထိုးဖောက်နိုင်ရန်၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် တာဝန်သိတက် သော စီးပွား ရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရန်၊ အလုံးစုံပါဝင်နိုင် သော စီးပွားရေးလုပ်ငန်း များ (Inclusive Business)များနှင့် ပြည်သူ့ အကျိုးပြု စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ မျှဝေခြင်းအစီအစဉ်တွင် ကူညီပံ့ပိုးနေပုံများကို ပုံများနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ..။
အဆိုပါပွဲကြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
✅ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ အငယ်စား၊အသေးစား၊ အလတ်စားလုပ်ငန်းတွေအတွက် လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးနေသလို စီးပွားရေးလုပ်ငန်း တစ်ခုလုံး လွယ်ကူချောမွေ့ အောင်လုပ်ဆောင်ပေးနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
✅ ဒီလိုစီးပွားရေးလုပ်ငန်းတွေ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေတာကြောင့် မကြာသေးခင်က ကမ္ဘာ့ဘဏ်က ကြေညာတဲ့ ၂၀၂၀ခုနှစ်အတွင်း စီးပွားရေးလုပ်ကိုင်ရာမှာ လွယ်ကူချောမွေ့မှု အရှိဆုံး နိုင်ငံ (၁၀)နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံဟာ အတိုးတက်ဆုံးနိုင်ငံ(၁၀)ခုမှာ ပါဝင်တယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
✅ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတစ်ခုစတင်လုပ်ကိုင်ဖို့ လွယ်ကူစေတဲ့ အဆင့်(၁၆၀)ကနေ လက်ရှိအစိုးရ လက်ထက်မှာ အဆင့် (၇၀)ထိသိသိသာသာ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
✅ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်တာမှာ အလွယ်ကူဆုံးအဆင့် စတုထ္ထအဆင့်မှာ ရပ်တည်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
✅ စီးပွားရေးလုပ်ငန်းတိုးတက်စေဖို့အစိုးရအနေနဲ့ မူဝါဒအပိုင်း၊ လက်တွေ့ အကောင်အထည်ဖော်ရမယ့် အပိုင်းတွေမှာလည်း ကူညီပံ့ပိုးပေး နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကပြောကြားခဲ့ ပါတယ်။
ကျေးဇူးတင်ပါတယ်..🙏🙏🙏
![]() | ![]() | ![]() |
![]() | ![]() | ![]() |
![]() | ![]() | ![]() |
![]() | ![]() | ![]() |













